International News

နိုင်ငံခြားကုန်သွယ်ရေးပြန်လည်တက်လာသည်ဟု ကွမ်ရှီးရှုမြင်

Last Updated:

၂၀၂၀ ခုနှစ် ပထမ (၅) လအတွင်း ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ နိုင်ငံခြားကုန်သွယ်မှု တန်ဖိုးမှာ ယွမ်ငွေ (၁၇၆.၂၃) ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၄.၉) သန်းရရှိခဲ့သည်ကို တွေ့ရ သဖြင့် ပြီးခဲ့သည့် (၄) လက ကျဆင်းခဲ့မှုများထက် (၁.၁) ရာခိုင်နှုန်းလျော့ပါး သက်သာခဲ့သည် ကိုတွေ့ရပါသည်။ ၎င်းကာလအတွင်း ဟောင်ကောင်နှင့် ကုန်သွယ်ရေးတိုးတက်မှုကိုလည်း ဆက်လက်ထိန်းထားနိုင်ခဲ့ပါသည်။

ဤကာလတွင် အာဆီယံမှာ ကွမ်ရှီး၏ အကြီးမားဆုံး ကုန်သွယ်မှုမိတ်ဖက် ဖြစ်ခဲ့ပါသည်။ စာရင်းများအရ  ယခုနှစ် ပထမ (၅) လအတွင်း  ကွမ်ရှီးနှင့် အာဆီယံတို့၏ ပို့ကုန် သွင်းကုန် ပမာဏမှာ ယွမ်ငွေ  (၈၅.၇၇) ဘီလီယံသို့ ရောက်ရှိခဲ့ကာ စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှု၏ (၄၈.၇) ရာခိုင်နှုန်းပါဝင်ခဲ့ပါသည်။ ဗီယက်နမ်နှင့် ကုန်သွယ်မှုမှာ ဧပြီလနှင့် မေလတို့တွင် ဆက် လက်တိုးတက်ခဲ့ပါသည်။

 ထို့ပြင် ကွမ်ရှီး၏ ဟောင်ကောင်နှင့် ပို့ကုန်သွင်းကုန်ပမာဏမှာ (၁၉.၁) ရာခိုင်နှုန်း တိုးလာကာ  ယွမ်ငွေ (၂၂.၆၈) ဘီလီယံအထိလည်းကောင်း၊ သြစတြေးလျနှင့် ပို့ကုန်သွင်းကုန်ပမာဏမှာ (၆.၈) ရာခိုင်နှုန်းတိုးလာကာ  ယွမ်ငွေ (၆.၄၂) ဘီလီယံအထိလည်းကောင်း ရှိခဲ့သည်ကို တွေ့ရ သဖြင့် ၎င်းတို့နှင့် ကုန်သွယ်ရေးဖွံ့ဖြိုးမှုကို ထိန်းထားနိုင်သည်ဟု လေ့လာသိရှိရပါသည်။

အဆင့်မြင့်နည်းပညာပစ္စည်းများ တင်ပို့မှုမှာ သိသိသာသာတိုးမြင့်ခဲ့ပြီး စိုက်ပျိုးရေးဆိုင်ရာ ကုန် ပစ္စည်းများ တင်သွင်းမှုမှာ (၉) ရာခိုင်နှုန်းတိုးလာကာ ယွမ်ငွေ (၁၅.၂) ဘီလီယံသို့ ရောက်ရှိခဲ့ပါ သည်။

မေလအတွင်း ကွမ်ရှီး၏ နယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန်သွင်းကုန်ပမာဏမှာ (၁၇.၄) ရာခိုင် နှုန်းတိုးလာကာ ယွမ်ငွေ (၁၀.၇၂) ဘီလီယံသို့ရောက်ရှိခဲ့မှုကြောင့် ပြန်လည်နာလန်ထူလာသည့် လက္ခဏာများ တွေ့ရှိပါသည်။ ဤလအတွင်း ပြုပြင်ထုတ်လုပ်မှု ကုန်သွယ်ရေးတွင် တင်ပို့တင် သွင်းမှု (၃၆.၆) ရာခိုင်နှုန်း တိုးတက်လာခဲ့ကာ အကြီးမားဆုံး တိုးတက်ခဲ့ခြင်းဖြစ်ပါသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံထားသော လုပ်ငန်းများ အကျဘက်သို့ ဉီးတည်ခြင်းဖြင့် အဆုံးသတ်သွား စဉ်တွင် ပုဂ္ဂလိကလုပ်ငန်းများ၏ ပို့ကုန်သွင်းကုန်လုပ်ငန်းများမှာ (၁) ရာခိုင်နှုန်းတိုးလာကာ ယွမ်ငွေ (၃၁.၀၅) ဘီလီယံ တိုးမြင့်လာပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ en.gxzf.gov.cn (၂၁-၆-၂၀၂၀)

Category: International News